L3150
ပရင့်ထုတ်ကုန်ကျစရိတ်ကိုလျှော့ချလိုက်ပါ။
လုပ်ငန်းသုံးအတွက် Epson မှ ထုတ်လုပ်ထားတဲ့ ဈေးနှန်းသက်သာပြီး ဘက်စုံသုံး လို့ရတဲ့ ပရင့်ဖြေရှင်းချက်များဖြင့် ကုန်ကျစရိတ်ကိုချွေတာလိုက်ပါ။ EcoTank L3150 ကို ကုန်ကျစရိတ်သက်သာြပီး စွမ်းဆောင်ရည်ကိုမြှင့်တင်နိုင်ဖို့ တည်ဆောက်ထားပါတယ်။
ဖိတ်စဉ်မှုကင်းပြီး ဆေးဗူးမှားထည့်မှာလည်း မပူရတဲ့ မင်တစ်ရောင်ဆေးတစ်ဗူး ဖြည့်လို့ရတဲ့ မင်ကန် တွေက ပရင်တာထဲမှာ ပါပြီးဖြစ်ပါတယ်။ ဘောင်ပျောက် ပရင့်ကို 4R ထိထုတ်နိုင်ပြီး အဖြူအမည်း ရွက်ရေ ၄,၅၀၀ နဲ့ ရောင်စုံ ၇,၅၀၀ ထိ အများကြီး ထုတ်နိုင်တဲ့ အရည်အသွေး တွေလည်း ပါရှိပါသေးတယ်။ EcoTank L3150 ဟာ ကြိုးမဲ့ချိတ်ဆက်နိုင်လို့ အဆင်ပြေပြီး စမတ်ဖုန်း ၊ တက်ဘလက် တို့ကနေ တိုက်ရိုက်ပရင့်ထုတ်နိုင်ပါတယ်။
- ကျစ်လစ်တဲ့ အရွယ်အစားနဲ့ မင်အိမ်ကို အထဲမှာ ထည့်ထားတဲ့ ဒီဇိုင်း
- စာရွက်ရေ အများကြီးထုတ်နိုင်တဲ့ မင်ဗူးများ
- ဖိတ်စဉ်မှုကင်း ၊ အမှားမရှိ မင်ပြန်ဖြည့်နိုင်ခြင်း
- Wi-Fi, Wi-Fi Direct
- Epson Connect (Epson iPrint, Epson Email Print and Remote Print Driver)
- 4R ထိဘောင်ပျောက် ပရင့်ထုတ်နိုင်ခြင်း