EF-12
အွန်လိုင်းကတိုက်ရိုက်ကြည့်ရှုမှုပုံစံအသစ်ကိုခံစားကြည့်လိုက်ပါ
အွန်လိုင်းကတိုက်ရိုက်ကြည့်ရှုမှု ပုံစံအသစ်ကို ခံစားကြည့်လိုက်ပါ
Epson EpiqVision Mini EF-12 Laser Projection TV နဲ့ မော်ကွန်းတင်လောက်တဲ့ ကြည့်ရှုမှု အတွေ့အကြုံကို ခံစားကြည့်လိုက်ပါ။ ကိုယ်နှစ်သက်တဲ့ တီဗွီစီးရီးတွေကို အရူးအမူးပဲကြည့်ကြည့် ၊ အိမ်ပြင်မှာ မိတ်ဆွေတွေနဲ့ ရုပ်ရှင်ကြည့်ပွဲညပဲလုပ်လုပ် ၊ ရွေ့ပြောင်းလို့လွယ်တဲ့ Epson EpiqVision Mini EF-12 Laser Projection TV လေးက အိမ်ထဲမှာဖြစ်ဖြစ် ၊အိမ်ပြင်မှာ ဖြစ်ဖြစ် တောက်ပတဲ့ ပုံရိပ်တွေကိုအလွယ်တကူ ပေးစွမ်းနိုင်ပါတယ်။ Android TV1 ပါတယ်၊ Yamaha အသံစနစ်နဲ့ အားဖြည့်ထားပြီး ကြိုးမဲ့ချိတ်ဆက်မှုရတော့ YouTube™ လိုမျိုး အွန်လိုင်းက တိုက်ရိုက် ကြည့်ရှုနိုင်စရာတွေကို EpiqVision Mini EF-12 Laser Projection TV နဲ့ အလွယ်တကူ ချိတ်ဆက် ကြည့်ရှု့ခံစားနိုင်မှာပါ။ ပါဝါလေးဖွင့်ပြီး နှစ်သက်ရာ ကြည့်ရှုစရာများကို လက်မ ၁၅၀ ထိ ဘယ်နံရံမဆို ထိုးကြည့်လိုက်ယုံ့ပါပဲ။
Yamaha ရဲ့ Audiophile စပီကာစနစ်
Epson က အများနဲ့မတူ တမူ ထုးခြားတဲ့ အသံခံစားမှုရသတွေကို ပေးစွမ်းနိုင်ဖို့ Yamaha နဲ့ လက်တွဲ ဆောင်ရွက်ခဲ့ပါတယ်။ Yamaha ရဲ့ ရှေ့ဆောင် အသံပိုင်းဆိုင်ရာ အင်ဂျင်နီယာများက လည်း ထူးခြားတဲ့အသံ Audiophile စွမ်းဆောင်ရည်တွေရဖို့ EpiqVision Mini EF-12 Laser Projection TV အတွက် သီးသန့် ထုတ်လုပ်ပေးခဲ့ပါတယ်။ စိတ်ကြိုက် 3D Acoustic Enclosure အတွင်းတွင်ဒီဇိုင်းပြုလုပ်ထားသောအဆင့်မြင့် Yamaha မောင်းနှင်မှု နှစ်ခုသည် discrete amplifier ဖြင့်တပ်ဆင်ထားပြီး Yamaha ၏နောက်ဆုံးပေါ် AudioEngine ™ DSP နည်းပညာကို အသုံးပြု၍ မြင့်မားသောအဆင့်မြင့်အသံစနစ်များနှင့် soundbars များနှင့် ပြိုင်ဘက်များ အထင်ကြီးစရာကောင်းသည့် အသံအဆင့်ကို ထုတ်လုပ်ပေးပါတယ်။
- Full HD 1080p ပြင်းအား
- လက်မ ၁၅၀ ထိ ကြည်လင်တဲ့ ပုံရိပ်အရည်အသွေး
- Yamaha ရဲ့ အသံစနစ်
- Android TV1 ထည့်သွင်းတည်ဆောက်ထားခြင်း
- ကျော့ရှင်းကျစ်လစ်တဲ့ ဒီဇိုင်း
- Epson လေဆာ အလင်းအိမ် နည်းပညာ